သတင်းဋ္ဌာနများ
လွမ်းသူရင်ခွင်
ချစ်သူရေ
လွမ်းတယ်ဆိုတာ ပြဇာတ်တစ်ပုဒ်လို
စာဖွဲ့လို့ရရင် ရှိတ်စပြီးယားတောင်
ငိုချင်သွားအောင် ဖွဲ့ဆိုပြချင်ပါတယ်
တမ်းတတယ်ဆိုတာ ရေတွက်လို့ရရင်
ကိန်းဂဏန်းလေးတွေ မှိုင်သွားရလောက်အောင်
ရေတွက်ပြချင်ပါတယ်.....
သတိရတယ်ဆိုတာ
မကြာခဏပြောရလွန်းလို့
ကြယ်လေးတွေတောင် နားငြီးလာပြီတဲ့
တစ်ကယ်ပါချစ်သူရယ်
ကံဆိုတာမပါခဲ့လို့
တစ်သက်တာဝေးခဲ့ ကြပြီဆိုရင်တောင်
နောင်တကင်းမဲ့စွာနဲ့ ငါထာဝရလွမ်းနေဦးမှာပါ။
Thursday, April 23, 2009
|
Labels:
ကဗျာများ
|
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment